Wednesday, 15 February 2017

ပဋ္ဌာန်း( ၂၄) ပစ္စည်း(မြန်မာပြန်)

ပဋ္ဌာန်း( ၂၄) ပစ္စည်း(မြန်မာပြန်)
🌺🌺🌺🌺🌺🌺🌺🌺🌺🌺
ပဋ္ဌာန်း( ၂၄) ပစ္စည်း(မြန်မာပြန်)ပါ။

ပဋ္ဌာန်း(၂၄) ပစ္စည်းပါဠိ၏ မူရင်းအနက်အဓိပ္ပါယ်ကို ပရမတ္ထ၀ိဘာဝိနီဋီကာခေါ်မူရင်းဋီကာကျော်ပါဠိစာအုပ်မှ ရှာဖွေထုတ်နှုတ်၍အနက်မြန်မာပြန်ဆိုဖေါ်ပြပေးလိုက်ပါသည်။ (၁)ဟေတုပစ္စယော-သစ်ပင်၏ရေသောက်မြစ်ကဲ့သို့ ဟိတ်ခြောက်ပါးတို့၏ အကြောင်းတရားအနေအားဖြင့်အတူဖြစ်ဘက်ရုပ်နာမ်တရား တို့ကိုကျေးဇူးပြုခြင်း၊ (၂)အာရမ္မဏပစ္စယော- အားနည်းသူဆွဲမှီရာတောင်ဝှေးစသည် ကဲ့သို့ အာရုံခြောက်ပါးတို့၏ အာရုံအပြုခံသဘောအားဖြင့်စိတ်စေတသိက်တရားတို့ကို ကျေးဇူးပြုခြင်း၊ (၃)အဓိပတိပစ္စယော-ဆန္ဒ၊၀ီရိယ၊စိတ်၊ ၀ီမံသ (ပညာ)တည်းဟူသော တရားလေးပါး တို့၏ မိမိနှင့်စပ်၍ဖြစ်ဘက်တရားတို့ကိုအကြီးအမှုးပြုသောအား ဖြင့် ကျေးဇူးပြုခြင်း၊ (၄)အနန္တရပစ္စယော-စိတ်ဖြစ်စဉ်တစ်ခုအတွင်း စိတ်စေတသိက်တို့ကို ရှေ့နောက်အကြား မရှိအောင် ပြုသောအားဖြင့် ကျေးဇူးပြုခြင်း၊ (၅)သမနန္တရပစ္စယော- ပုံသဏ္ဌာန်မရှိသဖြင့် စိတ်ဖြစ်စဉ်တစ်ခုအတွင်း စိတ်စေတသိက်တို့ကို အကြားကာလမရှိစေဘဲ ကောင်းစွာကျေးဇူးပြုခြင်း၊ (၆)သဟဇာတပစ္စယော-ဆီမီး၏အလင်းရောင်ကဲ့သို့ အတူဖြစ်ဘက်ရုပ်နာမ်တရားတို့ကို အတူဖြစ်စေသောအားဖြင့် ကျေးဇူးပြုခြင်း၊ (၇)အညမညပစ္စယော- အချင်းချင်းထောက်မထားသော ဒုတ်သုံးချောင်းကဲ့သို့ မိမိအား ကျေးဇူးပြုတတ်သော ရုပ်နာမ်တရားတို့ကို ပြန်လည်ထောက်မ သောအားဖြင့် ကျေးဇူးပြုခြင်း၊ (၈)နိဿယပစ္စယော-အ၀တ်၊စက္ကူစသည်သည် ပန်းချီ၏မှီရာဖြစ်သကဲ့သို့၎င်း၊ မြေကြီးသည် သစ်ပင်တောတောင် စသည်တို့၏မှီရာဖြစ်သကဲ့သို့၎င်း အတူဖြစ်ဘက် ရုပ်နာမ်တရားတို့ကိုမှီရာအနေအားဖြင့် ကျေးဇူးပြုခြင်း၊ (၉)ဥပနိဿယပစ္စယော- အတူဖြစ်ဘက်ရုပ်နာမ်တို့ကို အားကြီးသောမှီရာအနေအားဖြင့် ကျေးဇူးပြုခြင်း၊ (၁၀) ပုရေဇာတပစ္စယော-မှီရာခြောက်ပါးနှင့် အာရုံခြောက်ပါးတို့၏အကျိုးတရားမဖြစ်မီ ရှေးဦးစွာ ဖြစ်ပေါ်သောအားဖြင့် ကျေးဇူးပြုခြင်း၊ (၁၁) ပစ္ဆာဇာတပစ္စယော-လင်းတငှက်ငယ်တို့၏ အစာရနိုးမျှော်ကိုးရင်းအသက်ရှင်ရခြင်းကဲ့သို့ နောက်နောက်ဖြစ်ပေါ်သော စိတ်စေတသိက်တရားတို့၏ မျှော်လင့်ချက်ကင်းမဲ့နေသော ကိုယ်ကို ထောက်ပံ့ (မျှော်လင့်ချက်ပေး)သောအားဖြင့် ကျေးဇူးပြုခြင်း၊ (၁၂) အာသေ၀နပစ္စယော-ကျမ်းစာကို အဖန်တလဲလဲ လေ့လာဆည့်ပူးရခြင်းကဲ့သို့ ကုသိုလ်/အကုသိုလ်တရားများကို အဖန်တလဲလဲ အားကောင်းအောင် ပြုသောအားဖြင့် ကျေးဇူးပြုခြင်း၊ (၁၃) ကမ္မပစ္စယော-စေတနာ၏ အတူတကွဖြစ်ဖေါ်ဖြ စ်ဘက်အကျိုး (၀ိပါက်)တရားများနှင့် ( ကမ္မဇ)ရုပ်တရားများကို လှုပ်ဆော်သောအားဖြင့် ကျေးဇူးပြုခြင်း၊ (၁၄) ၀ိပါကပစ္စယော- မိမိတို့ကိုယ်တိုင် လုံ့လမပြု ငြိမ်သက်မှုရှိသော အကျိုးဝိပါက်စိတ် စေတသိက်တရားတို့၏တကွဖြစ်ဘက် ရုပ်နာမ်တရားများကို မိမိတို့နည်းတူ လုံ့လမပြုငြိမ်သက်စေသောအားဖြင့် ကျေးဇူးပြုခြင်း၊ (၁၅) အာဟာရပစ္စယော-အာဟာရလေးပါးတို့၏ ရုပ်နာမ်တရားများကို ထောက်ပံကူညီသော အားဖြင့်ကျေးဇူးပြုခြင်း၊ (၁၆) ဣန္ဒြိယပစ္စယော- ထိုထိုကိစ္စတို့၌အကျိုး(ပစ္စယုပ္ပန်) တရားတို့ကို မိမိအလိုသို့ လိုက်စေသော အားဖြင့်ကျေးဇူးပြုခြင်း၊ (၁၇) ဈာနပစ္စယော-အာရုံကို ကြံစည်တတ်သော ၀ိတက် စသည်တို့၏ဆိုင်ရာအာရုံကို ကပ်၍ရှု မှတ်ခြင်း၊ လက္ခဏာကိုကပ်၍ ရှုကြည့်ခြင်းအားဖြင့် ကပ်ရောက်၍ ကျေးဇူးပြုခြင်း၊ (၁၈) မဂ္ဂပစ္စယော-သမ္မာဒိဋ္ဌိ (အမြင်မှန်မှု)စသည်တို့၏ သုဂတိ/ဒုဂ္ဂတိနှင့် ကောင်းမှု/မကောင်းမှုတို့မှထွက်မြောက်စေသောအားဖြင့်ကျေးဇူးပြုခြင်း၊ (၁၉) သမ္ပယုတ္တပစ္စယော-နာမ်တရားတို့၏ပရမတ္ထ (အရှိသဘော) အားဖြင့် ကွဲပြားသော်လဲ တစ်မျိုးတည်း၊ တစ်ခုတည်းကဲ့သို့ဖြစ်ရလေအောင် အတူဖြစ်ခြင်းစ သောယှဉ်ဘက်သဘော လက္ခဏာအားဖြင့် ကျေးဇူးပြုခြင်း၊ (၂၀) ၀ိပ္ပယုတ္တပစ္စယော-မှီရာရုပ်တရားများနှင့် စိတ်စေတသိက်တို့၏အချင်းချင်းဆက်စပ်ယှဉ်တွဲနေ သော်လဲကွဲပြားစေလျှင် မရောနှောအောင်ပြုခြင်း၊ တစ်ခုစီ၊ တစ်မျိုးစီ ဖြစ်စေခြင်းအားဖြင့် ကျေးဇူးပြုခြင်း၊ (၂၁) အတ္ထိပစ္စယော-အတူဖြစ်ဘက်တရားများနှင့် ကြိုတင်ဖြစ်ပေါ်သောတရားများ၏လက်ရှိ ပစ္စုပ္ပန်အရှိသဘောဖြင့် ယင်းသို့သဘောရှိသောတရားများကို ထောက်ပံ့ ကူညီသောအားဖြင့်ကျေးဇူးပြုခြင်း၊ (၂၂) နတ္ထိပစ္စယော-အခြားမဲ့၌ ချုပ်ပြီးချုပ်ပြီးကုန်သော စိတ်စေတသိက်တရားတို့၏ နောက်ထပ် ဖြစ်ပေါ်မည့်စိတ်စေတသိက်တရားတို့ကို ဖြစ်ခွင့်ပေးခြင်း (နေရာပေးခြင်း)အားဖြင့်ကျေးဇူးပြုခြင်း၊ (၂၃) ၀ိဂတပစ္စယော-မိမိတို့သဘောဘဘာဝနှင့် မကင်းသဖြင့် ဖြစ်ပေါ်ခွင့်မရသော စိတ်စေတ သသိက်တို့ကို ဘောသဘာဝကင်းအောင်ပြုခြင်းဖြင့် ကျေးဇူးပြုခြင်း၊ (၂၄) အ၀ိဂတပစ္စယော-အတူဖြစ်ဘက်တရား၊ ကြိုတင်ဖြစ်ပေါ်သောတရားတည်းဟူသော အရှိတရား တို့ကိုမချုပ်မပျောက်အောင်ပြုသောအားဖြင့် ကျေးဇူးပြုခြင်း သည်၊ အတ္ထိ-မုချမသွေ ရှိပါပေ၏၊ဣတိ-ဤသို့၊ဗောဓေနံ္တ-ကောင်း စွာထိုးထွင်း သိမြင်ခြင်းရှိတော်မူသော မြတ်စွာဘုရားကို၊၀န္ဒာမိ-သဒ္ဓါရိုကျိုး၊လက်စုံမိုးကာ ရှိခိုးကန်တော့ပါ၏ဘုရား။ ပဋ္ဌာန်းအကြောင်းကိုကောင်းကောင်းသိလိုကြသော အမျိုးကောင်းသား၊အမျိုးကောင်းသမီးတို့သည် အမရပူရမဟာဂန္ဓာရုံဆရာတော် အရှင်ဇနကာဘိဝံသ၏ “အခြေပြုပဋ္ဌာန်းတရား” စာအုပ်ကို ရှာဖွေဖတ်ကြပါကုန်။ (၂၄)ပစ္စည်းနှင့်ရှင်းလင်းချက်များ။ S.Sခင်မောင်အေး ဓမ္မစေတီ (ပဋ္ဌာန်း)စာအုပ်မှ ထုတ်နုတ်တင်ပြပါသည်။ ပစ္စယော=ပစ္စယ=ပစ္စည်း=ကျေးဇူးပြုခြင်း၊အကျိုးပြုခြင်း ၁။ ဟေတုပစ္စယော -ဟိတ်ခြောက်ပိုင်းကြောင့် ဆိုင်ရာအကျိုးပေးခြင်း ဟိတ်(၆)ပါး= လောဘ၊ ဒေါသ၊မောဟ၊ အလောဘ၊ အဒေါသ၊ အမောဟ။ ၂။ အာရမ္မဏပစ္စယော= အာရုံ(၆)ပါးအပေါ်မှီ၍ ဖြစ်ရခြင်း အာရုံ(၆)ပါး= ၁။အဆင်း(ရူပါရုံ) ၂။ အသံ (သဒ္ဒါရုံ) ၃။ အနံ့ (ဂန္ဓာရုံ) ၄။ အရသာ (ရသာရုံ) ၅။ အထိအတွေ့ (ဖောဠဗ္ဖာရုံ) ၆။ စိတ်ခံစားမှု (ဓမ္မာရုံ) ၃။ အဓိပတိပစ္စယော – ထိပ်ဆုံး၊ အမြင့်ဆုံး က ဦးဆောင်ခြင်း(အကြီးဆုံးခေါင်းဆောင်ချုပ်နှင့်တူ၏။) ၁။ ဆန္ဒာဓိပတိ= အလိုဆန္ဒ အလွန်ပြင်းပြခြင်း၊ ၂။ သီရိယဓိပတိ= လုံ့လစိုက်ထုတ်မှုကြီးမားခြင်း ၃။ စိတ္တာဓိပတိ= စိတ်ဓာတ်ပြင်းထန်လွန်းခြင်း ၄။ ဝီမံသာဓိပတိ= အသိညဏ်ပညာ ထက်မြက်အားကောင်းခြင်း “ပြိုင်ဘက်မရှိ စကြာမင်းအောက်မှာလက်အောက်ခံမင်းများ ပြားပြားဝပ်နေရသလို အဓိပတိစိတ်တစ်ခုသာ ခေါင်တပ်ပြီဆိုလျှငိ ကျန်စိတ်(၃)မျိုးသည် နောက်လိုက်ဖြစ်သွားကြရသည်။” ၄။ အနန္တရပစ္စယောာ = တစ်ဆတ်တည်းအကြားမရှိဖြစ်ပေါ်ခြင်း (စကြာမင်းနတ်ရွာစံပြီးတစ်ပြိုင်နက်သားကြီးသည် ဘုရင်ဖြစ်လာသည်နှင့်တူ၏။) နိယာမ (အမြဲတမ်းရှိသည့်)တရား(၅)ပါး ၁။ စိတ္တနိယာမ ၂။ ဥတုနိယာမ ၃။ ဗီဇနိယာမ ၄။ ကမ္မနိယာမ ၅။ ဓမ္မနိယာမ ထိုနိယာမတရား(၅)ပါးတို့သည် ဘယ်ဖန်တီးရှင်မှတားဆီးဖို့၊ ဖန်ဆင်းဖို့ မရနိုင်ဘဲ နိယာမတရားအတိုင်းအကြောင်းအကျိုးတ စ်ဆက်တည်းဖြစ်ရသည်။ သားကြီးဘုရင်ဖြစ်လာဖို့ စကြာမင်းကြီးသေပေးရသလို စိတ်အစဉ်တွေ နောက်ကဆက်တိုက်ဖြစ်ဖို့ ရှေ့ကစိတ်တွေ ပျက်ပေးရသည်။ ၅။ သမနန္တရပစ္စယော = ကောင်းစွာတစ်ဆက် တည်းအတားအဆီးမရှိ (စကြာမင်းတော ထွက်ရာ သာကြီးဘုရင်ဖြစ်သည်နှင့်တူ၏။)စြ ကာဝတေးမင်းသည် အရညဝါသီတောရပ်မှီသော အခါ သားကြီးရတနာမှာ တစ်ဆက်တည်းအကြားမရှိ ကောင်းစွာ ဘုရင်ဖြစ်သကဲ့သို့စိတ်များဆက်ကာဆက်ကာ(တစ်စိတ်တည်း ထင်ရလောက်အောင်)ကောင်းစွာဖြစ်ပေါ်စေသည်။ ၆။ သဟဇတပစ္စယော= တစ်ပြိုင်နက်တည်းအတူတကွဖြစ်ပေါ်ခြင်း (မီးထွန်းလိုက်သည် နှင့်တစ်ပြိုင်နက် မီရောင်ဖြစ်ပေါ်လာသည်နှင့်တူ၏။) မီးနှင့်မီးရောင်မည်သည်ကအရင်ဖြစ်ခြင်းမရှိ။မီးနှင့်အလင်းရောင် အတူတကွကျေးဇူးပြုသလို နာမ်ခန္ဖာလေးပါး (ဝေဒနာက္ခန္ဖာ၊ သညာက္ခန္ဖာ၊ သင်္ခါရက္ခန္ဖာ၊ဝိညာဏက္ခန္ဖာ)တို့သည် အတူတကွ တစ်ပြိုင်နက်တည်းကျေးဇူးပြုကြသည်။ ၇။ အညမညပစ္စယော= အချင်းချင်းအပြန်အလှန်မှီရခြင်း ခွေးခြေခုံမှာ ခြေ(၂)ချောင်းတည်းဆိုလျှင်ယိုင်လဲသွားမည်။ နောက်တစ်ချောင်းကထောက်ထားမှသာ ခိုင်မြဲစေသည်။ နောက်တစ်ချောင်းကိုလည်းယခင်နှစ်ချောင်းက ပြန်ပြီးထောက်ကန်ထားသည်။ ထိုကဲ့သို့ပင် ရုပ်တရား၊နာမ်တရားတို့သည်လည်းအချင်းချင်း အပြန်အလှန် အမှီသဟဲထောက်ကန်ပြီး၊ကျေးဇူးပြုကြသည်။ ၈။ နိဿယပစ္စယော =နောက်မှသည် အရင်ဖြစ်နှင့်သူကိုမှီရခြင်း (သစ်ပင်ကမြေကြီးကို မှီခို ရပ်တည်ရသည်နှင့်တူ၏။) သစ်ပင်တစ်ပင်စိုက်ပျိုးဖို့ မြေကြီးကအရင်ရှိနှင့်ရသည်။သစ်ပင်ကနောက်မှလိုက်ပြီး မြေကြီးကိုအမှီပြုပြီးပေါက်ရသလိုပဲ… ဒုစရိုက်မှု ၊သုစရိုက်မှုတို့ မှာလည်းရှေးရှေးကအကြောင်း တရားတွေပေါ်မှာနောက်အကျိုးအရားတွေကမှီပြီးမှ ဖြစ်ပေါ်ရသည်။ ၉။ ဥမနိဿယပစ္စယော – အားကောင်းသော အကြောင်းက အကျိုးပြုခြင်း(မိုးရွာချခြင်းနှင့်တူ၏။) မြေကြီးပေါ်မှာပေါက်ရသည့်သစ်ပင်ကို မိုးရွာချပေးခြင်းဖြင့် စိမ်းလမ်းစိုပြေစေသည်။ သဒ္ဒါတရားကိုအမှီပြုပြီး ဥပုသ်၊ သီလ၊သမထ၊ဘာဝနာ၊ ဝိပဿနာတွေမှတစ်ဆင့်မဂ်တရားအဘိညာဉ်တရား၊ သမာပတ်ဝင်စားမှုစသည်တို့ကို ဖြစ်ပေါ်စေနိုင်သည်။ ၁၀။ပုရေဇာတပစ္စယော – ရှေ့ကသည် နောက်မှကို တိုးပွားစေခြင်း(ရှေ့မှရှိနှင့်သည့်နေ၊လ နှင့်တူ၏။) မိဘတွေက သားသမီးတွေထက် အရင်ဖြစ်နှင့်ရ၏။ ကမ္ဘာဦးလူသားတွေထက် နေ၊လ တို့သည် အရင်ဖြစ်ပြီးမှ သတ္တာဝါများကို အကျိုးပြုသည်။ ၁၁။ပစ္ဆာဇာတပစ္စယော – အရင်ဖြစ်နှင့်သည်ကို နောက်မှဖြစ်ရမည်ကထောက်ပံ့ခြင်း (လင်းတပေါက်စလေးများနှင့်တူ၏။) လင်းတငှက်ကလေးများပေါက်ခါစမှာ လင်းတဖို၊မတို့သည် သူတို့အတွက်သာ အစာရှာကြသည်။ ကလေးတွေအတွက်လုံးဝမကျွေးပေ။ကလေးတွေက မိဘပြန်လာလျှင်စားရနိုးစားရနိုးနှင့်မျှော်လင့်နေရသည်။ သို့သော်လုံးဝမစားရရှာပေ။မစားရဝခမန်းဖြစ်နေ၏။ သူတို့လေးတွေကိုယ်တိုင် ထွက်နိုင်မှသာ အစာစားရလေ၏။ ထို့အတူ စိတ်အားထက်သန်မှုတွေဖြစ်နေလျှင် ရုပ်တွေလန်းဆန်းနေရသည်။ စိတ်အားငယ်သွားလျှင် ရုပ်တွေလည်းကျသွား၏။ ၁၂။အာသေဝနပစ္စယော -အဖန်ဖန်တလဲလဲမှီဝဲပြီးမှကျေးဇူးပြုခြင်း (အရောင်တင်ဆီအထပ်ထပ်တင်ရင်း အရောင်တတ်လာခြင်းနှင့်တူ၏၊) အရှးရှေးက သင်ယူတတ်မြောက်ထားခဲ့သည့်စာပေကျ မ်းဂန်တွေသည် နောက်နောင်မှသင်ယူရသည့်ကျမ်းစာတို့ကို ထောက်ပံ့စေပြီး အခြေခံရစေပါသည်။ ယခင်ကကုသိုလ်၊ အကုသိုလ်တရားတွေသည်နောက်နှပြုသည် ကုသိုလ်၊အကုသိုလ်တရားတို့ကိုကျေးဇူးပြုနိုင်ပေသည်။ ၁၃။ကမ္မပစ္စယော – စီရင်ခြင်း၊မျိုးစေ့ဖြစ်ခြင်း(မျိုးစေ့မှ သစ်ပင်များပေါက်ခြင်းနှင့်တူ၏။) အစေ့၊ အညွန့်၊ အခက်၊ပင်စည်၊ အမြစ် စသည့်မျုးစေ့များမှ ရေမြေတို့၏ ထောက်ပံ့မှုဖြင့်သစ်ပင်များပေါက်လာကြရသကဲ့သို့ ကုသိုလ် ၊ အကုသိုလ် ကံမျိုးစေ့တို့ကြောင့်နိဗ္ခာန်မရ မချင်းဘဝဆက်ဆက်မှာကောင်းကျိုးဆိုးကျိုးပေးကြသည်။ ၁၄။ဝိပါကပစ္စယော – အကျိုးရလဒ်ဖြစ်ပေါ်စေခြင်း(အေးချမ်းသည့်လေပြေလေညှင်းနှင့်တူ၏။) ပြာလဲ့လဲ့ကောင်းကင်ပြင်မှ လေပြေလေညှင်း၊ လေနုလေအေး တိုက်ခတ်နေစဉ် သစ်ပင်ရိပ်အောက်မှာ ကိုယ်စိတ်နှစ်ပါး ချမ်းသာစွာ ခိုနားနေရသကဲ့သို့လူချမ်းသာဘုံ၊ နတ်စည်းစိမ်ဘုံလည်းခံစားရမည်။ အကုသိုလ် ကံပြုခဲ့မိပါကအကုသိုလ်အကျိုးနှိင့် ငရဲ၊တိရစ္ဆာန်… တို့ကိုခံစားရမည်။ ၁၅။အာဟာရပစ္စယော – ထောက်ကန်ခိုင်ခံ့စေခြင်း (အိမ်ကြီးကိုထောက်ကန်ထားသည့်ကျား(ထောက်)နှင့်တူ၏။) ထောက်ကန်ထားသည့်ကျား(ထောက်)တွေသာ မရှိဘူးဆိုရင် လေဒဏ်၊မိုးဒဏ်ကြောင့်တချိန်ချိန်မှာပြိုလဲသွားနိုင်သည်။ ထိုကဲ့သို့ပင် သတ္တဝါတွေမှာရုပ်အာဟာရ၊ နာမ်အာဟာရ သာမရရှိနိုင်လျှင် အသက်ဆက်လက်ရှင်သန်နိုင်မှာမဟုတ် ပါဘူး။ ၁၆။ဣန္ဒြိယပစ္စယော -ကဏ္ဍတစ်ခုကိုအုပ်စိုးရခြင်း (ဌာနတစ်ခုကိုအုပ်ချုပ်ရသည့်ဝန်ကြီးနှင့်တူ၏။) ဣနြအုပ်စိုးမှုသည် အဓိပတိအုပ်စိုးမှုလောက်မကြီးပါ။ ပညာရေးဝန်ကြီး၊သာသနာရေးဝန်ကြီးစသည့်တို့သည်မိမိဌာနကို မိမိအပိုင်အစိုးရခြင်းဖြစ်သည်။ ထိုကဲ့သို့ စက္ခုနြေ္ဒ၊ သောတိနြေ္ဒ…စသည်ဖြင့်ဣနြေ္ဒ(၂၂) ပါးတို့သည်သူ့နေရာနှင့်သူ အပြည့်အဝတာဝန်ယူရသည်။ ၁၇။ဈာနပစ္စယော – အာရုံတစ်ခုထဲမှာ တစ်ခုခုကို စူးစူးစိုက်စိုက်ရှုမှတ်နေခြင်း ( ဈာန် နှင့်တူ၏။) သို့သော် များသောအားဖြင့်ဈာန် ဟုပြောလိုက်သည်နှင့် မြေလျှိုးမိုးပျံဖန်ဆင်းတတ်သော အတတ်ပညာဟု မျက်စိထဲ အတွေးထဲမြင်ယောင်တတ်ကြ၏။ အမှန်မှာ ၄င်းကို အဘိဥာဏ်ဟုခေါ်ပါသည်။အရပ်သုံးအနေနဲ့ ဈာန်ပျံသည်ဟု ပြောကြပါသည်။ အမှန်မှာ ယခုဆိုလိုသော ဈာအောက်ကိုကြည့်လိုက်ရင် ရှုခင်းတွေ သာသာယာယာတွေ့ရမယ်။ရေကန်၊ ဥယျာဉ်၊ လယ်ကွင်း၊ ကျောင်း၊ ကန်၊ဇရပ်စသည်ဖြင့် သာယာလှပသော မြင်ကွင်းကျယ်ကိုတွေ့ရမယ်။ အမြင့်သို့ပိုရောက်လေ သာယာသော ရှုမျှော်ခင်းကို ပိုမိုတွေ့ရလေ ဖြစ်သလို ကုသိုလ်ဈာန် ငါးပါးကို စူးစူးစိုက်စိုက်ရှုသူပုဂ္ဂိုလ်ကလည်း အမြင်တွေကြည်လင်သန့်ရှင်းကာ နောက်ဆုံး နိဗ္ဗာန်အထိ ရရှိနိုင်ပြီး ချမ်းသာသုခကို ရရှိနိုင်ကြောင်းဟု အဓိပ္ပာယ်ရရှိပါတ ယ်။နပစ္စယော တွင်ပါရှိသော ဈာန်၏ဆိုလိုရင်းမှာ တောင်ထိပ်ကနေ ကုသိုလ်ဈာန် အင်္ဂါငါးပါးတို့မှာ –(၁ )၀ိတက် = ကြံစည်ခြင်း။ (၂ )၀ိစာရ= သုံးသပ်ဆင်ခြင်ခြင်း။ (၃ )ပီတိ = နှစ်သက် အားရခြင်း။ (၄ )သုခ = အာရုံရဲ့ အရသာကို ခံစားခြင်း။ ( ၅ )ဧကဂ္ဂတာ = စိတ်ကို စူးစူးစိုက်စိုက်စွဲစွဲမြဲမြဲထားခြင်း တို့ဖြစ်ပါတယ်။ ၁၈။မဂ္ဂပစ္စယော – အကောင်းအဆိုး လမ်းနှစ်သွယ်ကိုသိခြင်း။ မဂ္ဂ ဆိုတာ လမ်းခရီးကို ခေါ်ပါတယ်။ဒါပေမယ့် လမ်းဆိုသည်မှာ ကောင်းသော ခရီးလမ်းနဲ့ မကောင်းသောခရီးလမ်းဟူပြီး နှစ်မျိုးရှိပါတယ်။ ကောင်းသော ဘုံဌာန နိဗ္ဗာန်ကိုရောက်အောင်သွားနိုင်သော လမ်းကို သမ္မာမဂ္ဂင် ဟုခေါ်ပါတယ်။ယုတ်နိမ့်အောက်ကျတဲ့ ဘုံဌာနတွေကို ရောက်အောင်ပို့တဲ့ လမ်းကိုတော့ မိစ္စာမဂ္ဂင် ဟုခေါ်ပါတယ်။ သမ္မာမဂ္ဂင်ရှစ်ပါးကတော့ —(၁ )သမ္မာဒိဌိ = ကောင်းသောအမြင်၊ကောင်းသောအယူ၊ ကောင်းသော အသိဥာဏ်။ (၂ )သမ္မာသင်္ကပ္ပ = ကောင်းသော အကြံအစည်။ (၃ )သမ္မာဝါစာ = အပစ်ကင်းသော စကားကို ပြောဆိုခြင်း။ (၄ )သမ္မာကမ္မန္တ = ကောင်းသော အလုပ်ကိုလုပ်ဆောင်ခြင်း။ ( ၅ )သမ္မာအာဇီဝ= အပြစ်ကင်းသော အသက်မွေးခြင်း။ ( ၆ )သမ္မာဝါယာမ = ကောင်းသော အားထုတ်ခြင်း။ (၇ )သမ္မာသတိ = ကောင်းသော အမှတ်ရခြင်း။ (၈ )သမ္မာသမာဓိ = ကောင်းသော တည်ကြည်ခြင်း တို့ဖြစ်ပါတယ်။ ၁၉။သမ္ပယုတ္တပစ္စယော = (၄-မျိုးပေါင်းစပ်ထားသည့် စတုမဓူနှင့်တူ၏။) နှမ်းဆီ၊ ထောပတ်၊ ပျားရည်၊သကာရည်ရောစပ်ထား သောကြောင့် ရသာတစ်မျိုးစီ၏သတ္တိများ ပျောက်သွားကာ ရသာ(၄)မျိုးလုံးယှဉ်လျက်ခံစားရသည်။ ထို့အတူ စိတ်၊ဖဿ၊ စေဒနာ၊သညာ စသည့် စေတသိက်တွေသည် တစ်ပြိုင်နက်တည်းဖြစ်ကြသည်။ တစ်ခုစီခွဲခြားမရနိုင်အောင်နှီးနှောနေကြသည်။ ၂၀။ဝိပ္ပယုတ္တပစ္စယော = ရောနှောသော်လည်း မယှဉ်ပဲသတ္တိပြခြင်း (ရသာ(၆)ပါးနှင့်တူ၏။) ချို ၊ချဉ် ၊စပ် ၊ ဖန် ၊ ခါး စသည့် ရသာ(၆)ပါးရောထား သော်လည်းသူ့အရာသာနှင့်သူ သတ္တိပြကြ၏။ ရသာ(၆)ပါးကွဲပြားနေကြ၏။ ထို့အတူ ပဋ္ဋိသန္ဓေစိတ်၊ကမ္မဇရုပ်၊ ကလာပ်သူံးစည်း စသည့်တရားတွေသည် သူ့သတ္တိနှင့်သူ သတ္တိပြကြ၏။ ၂၁။အထ္တိပစ္စယော= ၂၂။နတ္ထိပစ္စယော = မရှိမှ ကျေးဇူးပြုခြင်း(ဆီမီးငြိမ်းသွားသဖြင့် မှောင်ကြသွားသည်နှင့်တူ၏။) ဆီမီးအလင်းရောင်ငြိမ်းသွားခါမှ အမှောင်က လွမ်းမိုးသွားသကဲသိှု့ဥပါဒ်၊ ဌီ၊ဘင် ဆိုသည့်ခဏငယ်သုံးချက်လုံးဝမရှိမှ နတ္ထိပစည်းက ကျေးဇူးပြုစေသည်။ ၂၃။ဝိဂတပစ္စယော = ကင်းမဲ့ချုပ်ပျောက်သွားခြင်း (နေရောင်ပျောက်ပြီး လရောင် ရောက်လာခြင်းနှင့်တူ၏။) နေရောင်ကွယ်မှ လရောင်လင်းနိုင်သကဲ့သို့ ထေင်ရှားစွာရှိပြီး ကျေးဇူးပြုခြင်း(မြင့်မားသည့်တောင်ကြီးနှင့်တူ၏။) မြင့်မားသည့် တောင်ကြီးတွေကြောင့် သစ်တောများစိမ်း လမ်းစိုပြေရသည်။ အစာအဟာရတွေပြည့်ဝနေခြင်းသည် ခန္ဓာကိုယ်ကို အကျိုးပြုစေသလို သဟဇာသတ္ထိ၊ပုရေဇာသတ္ထိ၊ ပစ္ဆာတတ္ထိ၊အာဟာရတ္ထိ၊ ရူပဇီဝိတိန္ဒြိယတ္ထိငါးပါးစသည့် ပစ္စည်းတရားတို့ရှိနေသည့် အတွက်အကြာင်းအကျိုးကျေးဇူးပြုကြသည်။ ရှးစိတ်၊ စေတသိက်တွေ ကင်းချုပ်ပျောက်ကွယ်သွားမှသာ နောက်စိတ် စေတသိက်တွေ ရောက်လာနိုင်သည်။ ၂၄။အဝိဂတပစ္စယော = ကင်းပျောက်မသွားခြင်း (မဟာသမုဒ္ဒရာကြီးမှာရှိကြသည့် ရေသတ္တဝါများနှင့်တူ၏။) ပင်လယ်သတ္တဝါတို့မှာ မဟာသမုဒ္ဒရာကြီးကိုမှီခိုနေရမှုကြောင့် ပီတိသောမနဿတွေ တိုးပွားနေရသော်လည်းသတ္တဝါတို့ကိုဖမ်းဆီးသွားလျှင် သမုဒ္ဒရာရေက ကျေးဇူးမပြုနိုင်တော့ပေ။ ထို့အတူ ဥပါဒ်၊ ဌီ၊ ဘင် ခဏငယ်သုံးချက်တို့ချုပ်ခါနီးထိကျေးဇူးပြုနိုင်းကြောင်း…စသည့်တို့ကို သဗ္ဗညုတညဏ်တော်ရှ င်ဗုဒ္ဓမြတ်စွာဘုရားက သိမြင်ဟောကြားတော်မူခဲ့ပေသည်။

Saturday, 28 January 2017

ငရဲပြည်မှာ အမှုထမ်းရသော ယမမင်း အကြောင်း

ငရဲပြည်မှာ အမှုထမ်းရသော ယမမင်း အကြောင်း

++++++++++++++++++++++++

ငရဲဘုံရှိ ယမမင်း( ငရဲမင်း ) ဆိုတာ ဘုရားဟော ဟုတ်မဟုတ် နှင့် ယမမင်းနှင့် ငရဲထိန်းတို့သည် အဘယ့်ကြောင့် ငရဲပြည်မှာ အမှုထမ်းရသနည်း ?

(မေး)
ဆရာတော် အရှင်သူမြတ်ဘုရား

ဗုဒ္ဓဘာသာမှာ လူတစ်ယောက် သေလွန်ပြီးနောက်ထိုလူ သွားရောက် ရမည့် ဘဝကို မေးမြန်းစစ်ဆေးပြီးဆုံးဖြတ်ပေးသည့် ယမမင်း ဆိုသည်ကို ကြားဖူးပါသည်။

ယမမင်း ဘယ်နှစ်ယောက် ရှိသလဲ။ဘယ်မှာ နေသလဲ။ဘယ်လို ကုသိုလ် သို့မဟုတ် အကုသိုလ်ကြောင့်ယမမင်း ဖြစ်ရသလဲ။

ယမမင်းဆိုတာကိုဗုဒ္ဓဘုရားရှင်ရဲ့ နှုတ်တော်မှ ဟောကြားခဲ့သလားဆိုသည်တို့ကို သိလိုပါသည်ဘုရား။

ယမမင်းနှင့်ပတ်သက်သည့် ကျမ်းဂန်ထွက် ဗဟုသုတအဖြာဖြာကို မျက်မှောက်ခေတ် အမြင်နှင့်ရောစပ်၍ ဖြေကြားပေးစေချင် ပါသည်ဘုရား။

(ဖြေ)
“ယမမင်း”

“ရဟန်းတို့၊ ငါဘုရားသည် ဒိဗ္ဗစက္ခုညာဏ်ဖြင့်ငရဲသို့ကျ ရောက်သော သတ္တဝါတို့ကို မြင်တော်မူ၏။
လူ့ဘဝတွင် မကောင်းမှုကို ပြုသောကြောင့်ငရဲသို့ရောက် လာသူအား ငရဲထိန်းတို့ကယမမင်းထံ ခေါ်သွား၏။
ထိုအခါ ယမမင်းက သင်သည် လူ့ဘဝမှာရှိစဉ်-
“မွေးဖွားခြင်း၊ အိုခြင်း၊ နာခြင်း၊ (အဓမ္မမှုကြောင့်)လောကပြစ်ခံ ရခြင်း နှင့် သေခြင်း”  ဟူသောနတ်တမန် ငါးယောက်တို့ ရောက်လာသည် ကိုသတိပြုမိပြီး ကောင်းမှုတွေ ပြုခဲ့ရဲ့လောဟု စစ်မေး၏။

မပြုမိပါဟု ဖြေခြင်း၌ ယမမင်းက သင်သည်မေ့လျော့ပြီး ကောင်းမှုကို မပြုဘဲ မကောင်းမှုကို ပြုခဲ့ပြီ။ သင်ပြုလုပ်သည့် အကုသိုလ်မှုကို မည်သူ မျှ အစားခံလို့မရ။ သင်သာလျှင် ခံရလိမ့်မည်ဟု ဆိုပြီး ဆိတ်ဆိတ်နေ၏။

ယင်းနောက် ငရဲထိန်းတို့သည် ထိုသူအား တံခါး လေးခု ရှိသည့် မဟာငရဲသို့ ပို့လိုက်ကြ၏။ ထိုသူ သည် အကုသိုလ်ကံ၏ အကျိုးပေး မကုန်သရွေ့
ထိုငရဲ၌ ခံနေရ၏ (မ ၃၊ ၁၈၆)”။

“ယမမင်းဟူသည် (စတုမာရာဇ် နတ်မျိုးဝင်) ဝေမာနိကမျိုး ပြိတ္တာမင်း ဖြစ်၏။
တစ်ချိန်မှာ နတ်ဗိမာန်၌ စည်းစိမ် ခံစားရပြီး၊ တစ်ခါတစ်ရံမှာ မကောင်းကျိုး ခံစားရ၏။ တရားစောင့်သော မင်းဖြစ်၏။(ငရဲဘုံဝင်ပေါက်) ဂိတ်လေးခုတွင် ယမမင်း တစ်ယောက်စီ ရှိ၏ (မ-ဋ္ဌ ၄၊ ၁၈၃)”။

“မိဿ    ကကုသိုလ်” 
                               
(ဥပမာ ဝက်သတ်ပြီး အလှူပေးခြင်း စသည်)ကြောင့်ယမမင်း ဖြစ်ရ၏။ သို့ရာတွင် ယမမင်းသည် တရား အားထုတ်ပါက မဂ်ဖိုလ်ကို ရနိုင်၏
(အံ-ဋီ ၂၊ ၁၁၄)”။

“သိကြားမင်း၏ ဝရဇိန်လက်နက်၊ အာဠာဝကဘီလူး၏ ဘွဲ့ဖြူလက်နက်၊
ဝေဿ    ဝဏ်နတ်မင်း၏ သန်လျက်လက်နက်၊ ယမမင်း၏ (ဒေါသဖြင့်ကြည့် လျှင်ပြာကျစေနိုင်သော)မျက်လုံးလက်နက်ဟု လက်နက်ကြီး လေးမျိုးရှိ၏”။
(သံ-ဋ္ဌ ၁၊ ၂၉၀)

“အဓိပ္ပာယ်တစ်မျိုး”

“သမ္ပယာတောသိ ယမဿ သန္တိကန္တိ မရဏမုခံဂန္တုံ သဇ္ဇော ဟုတွာ ဌိတောသီတိ အတ္ထော
(ဓမ္မပဒ-ဋ္ဌ ၂၊ ၂၁၉)”

အဖွင့်အရဆိုရင် ယမမင်းဆိုတာ သေမင်းလို့အဓိပ္ပာယ် ရပါတယ်။ ဒါကြောင့် ဘဝသံသရာမှမလွတ်မြောက်သေးသမျှ ယမမင်းရဲ့အာဏာစက်ကွင်းမှ မလွတ်သေးဘူး။ ဒီအဓိပ္ပာယ်နဲ့ ယမမင်းကို“ဝေသာယီ”
(ဇာ-ဋ္ဌ ၂၊ ၂၈၈) လို့လည်း နာမည်တစ်မျိုးနဲ့ ခေါ်ပါတယ်။ ငရဲဘုံနဲ့ ယမမင်း ဆိုတာ ဘုရားဟောပါ။

“လူဖြစ်ချင်သူ”

ယမရာဇသုတ် (အံ ၁၊ ၁၄၀)အရ ယမမင်းဟာအကုသိုလ်မှု ကြောင့် ငရဲသို့ ရောက်လာသူတွေကို ကြည့်ရင်း “ငါသည် လူ့ဘဝကိုရပြီး ဗုဒ္ဓ ဘုရားရှင် ပွင့်ခိုက်နှင့် ကြုံကြိုက်သဖြင့် ဗုဒ္ဓတရားကို ကြားနာရလို့
တရားထူး ကိုရရင် သိပ်ကောင်း မှာပဲလို့” အကြံ ဖြစ်ပေါ်ဖူးပါသတဲ့။ အဲဒီလို ယမမင်းအကြံ ဖြစ်တာကို ဗုဒ္ဓဘုရားရှင်ဟာ သူများ အပြောကြောင့် သိတာ မဟုတ်ဘဲကိုယ်တိုင် (သဗ္ဗညုတညဏ်နဲ့) သိမြင်ပြီး မြွှက်ဆိုတာဖြစ်တယ် လို့လည်း အဲဒီသုတ်မှာ မိန့်ပါတယ်။

(စပ်မိလို့ အသိပေးပါတယ်။ ဆရာကြီး ဂိုအင်ဂါအဖွဲ့ကထုတ်တဲ့ ပိဋကတ် စီဒီရွမ်မှာ ယမရာဇသုတ်ကို ဒေဝဒူတသုတ်နှင့် ပေါင်းထားပြီး စတုမဟာရာဇသုတ်ရဲ့နောက်ပိုင်းကို ဒုတိယ စတုမဟာရာဇသုတ်လို့
စဉ်ထားတာ တွေ့ရလို့ ဆဋ္ဌမူနဲ့ မတူကြောင်းပါ။ပညာရှင်တို့ ဆင်ခြင်ပါကုန်)။

“ငရဲနှင့် ငရဲထိန်း”

ငရဲဘုံ၌ နှိပ်စက်ညှဉ်းပန်းမှုများ ရှိသောကြောင့်နှိပ်စက်ညှဉ်းပန်းသူ ငရဲထိန်းများ ရှိ၏
(အဘိ ၄၊ ၄၃၀)။

ငရဲထိန်းများကို ငရဲသားတို့က ပြန်ပြီး နှိပ်စက်က လူမပြုနိုင် (သံ-ဋီ ၂၊ ၈၆)။

ငရဲထိန်းများလည်း ယမမင်းနှင့် အမျိုးဇာတ်တူ၏။ ငရဲမီးဟူသည် ကံကြောင့် ဖြစ်သော ဥတုဇရုပ်ဖြစ်၍ ငရဲခံရမည့်သူများ သာပူပြီး ငရဲထိန်းများမှာမူ ပူလောင်ခြင်း မရှိ။ အကုသိုလ် နည်းနည်းဖြင့် ငရဲသို့ ရောက်လာ သူများကိုသာ စစ်ဆေးခြင်းဖြစ်၏
(ကိုယ်ကျင့်အဘိဓမ္မာ၊ ၂၈၇)။

မူရင်း ပါဠိတော်နှင့် အဋ္ဌကထာကျမ်းတွေမှာ ငရဲဘုံအမျိုးမျိုးနှင့် ဘုံအလိုက် သက်တမ်း အပိုင်း အခြားတွေကိုဖော်ပြထားတာတွေ
ရှိပါတယ်။ အဲဒီငရဲဘုံတွေဟာ အချို့ လူသားတို့ အနီးမှာ (ဥပမာ လောဟကုမ္ဘီငရဲ)၊ အချို့ မဟာပထဝီ မြေကြီးထဲမှာ၊ အချို့ အာကာသ တစ်နေရာမှာ ရှိတယ်လို့ အဲဒီကျမ်းဂန်ဖော်ပြချက်တွေအရ ဆိုနိုင်ပါတယ်။

“ငရဲထိန်း၊ ငရဲခွေး၊ ငရဲကျီးတို့သည် သက်ရှိသတ္တဝါများ ဖြစ်ကြ၏။ စတုမဟာရာဇ် နတ်မျိုးဖြစ်သော ဘီလူးများသည်
အတိတ်ဘဝ၌ ကုသိုလ်နှင့်အကုသိုလ် ရောနှော ပြုခဲ့သောကြောင့် ငရဲပြည်၌ နတ်ကြမ်း၊ ဘီးလူးကြမ်းများဖြစ်၍ ငရဲသူ ငရဲသားတို့ကိုနှိပ်စက်ကုန်၏ (ကထာဝတ္ထု၊ နိရယပါလကထာ)”။

မန်လည်ဆရာတော်ကြီးက ငရဲထိန်းကို ရက္ခသ(ရက္ခိသ်) မျိုးဟု ဆိုပြီး ဤသို့ သရုပ်ဖော်သည် ...

“မျက်စိကြော့သွေး၊ တွေးတွေးနီမြန်း ကြောင်သန်းတျာတျာ၊ လွန်စွာကျယ်ဘိ
လူပြည်ယှိသား၊ မောင်းကြီ့းအယောင်မျက်တောင်မညိတ်၊ နက်ရောင် ဘိတ်လျက် သပိတ်လုံးနှယ်၊ မျက်လုံးကျယ်နှင့် အစွယ်ပြူးပြူး၊
ငှက်ပျောဖူးသို့ မာန်ရှူးလွန်ဆိုး၊ ရက္ခိသ်မျိုးသည်၊ အုပ်စိုး ကွပ်ကွပ် မှူးမှူးတည်း။

(မဃဒေဝ၊ ပိုဒ်-၄၆၅)။

ထူးခြားတာက ဗုဒ္ဓဝါဒမှာ ဘယ်တော့မှ ပြန်ပေါ် မလာနိုင်တော့တဲ့ “ထာဝရငရဲ” ဆိုတာ မရှိပါဘူး။ ငရဲဆိုတာ ကိုယ်လုပ်ခဲ့တဲ့ အကုသိုလ်ကြောင့် ယာယီဖြစ်ရတဲ့ ဘဝတစ်ခုသာ ဖြစ်ပြီး ငရဲကနေ လူ့ဘဝ နတ်ဘဝတွေ ကို ပြန်ရောက်လာပြီး တရားအားထုတ်လို့ ဗောဓိဉာဏ် ကိုတောင်ရနိုင်ပါသေး တယ်။

ဒါဟာ ခွင့်လွှတ်ခြင်း၊ မတည်မြဲခြင်းဆိုတဲ့ အနှစ်သာရတွေ ကိန်းနေတဲ့ အင်မတန် လှပတဲ့ ဗုဒ္ဓဒဿ    နပါပဲ။

“သိပ္ပံနှင့် ဒိဗ္ဗစက္ခု”

သိပ္ပံ ဆရာတွေကတော့ Indian Mythology(အိန္ဒိယဒဏ္ဍာရီ)လို့ ဆိုကြမှာပဲ။ ဆိုခွင့်ရှိပါတယ်။ဒါပေမယ့် ယခု ရာစုနှစ်တွေမှာ သိပ္ပံဆရာတွေက ပဲအာကာသ မှာ သက်ရှိလောက ရှိနိုင်တယ်လို့ ဆိုလာကြတယ်။

သိပ္ပံ ဆရာတို့က ကမ္ဘာမြေကြီးရဲ့အတွင်းပိုင်းမှာ နေထက်တောင် ပူနိုင်တဲ့
အရည်ရှိတယ်လို့လဲ ဆိုတယ်။ဒီတော့ “အရည်ရှိတဲ့ နေရာတိုင်းမှာ သက်ရှိသတ္တဝါ ရှိတယ်” ဆိုတဲ့ သိပ္ပံနိယာမရယ် ၊ရေဆူမှတ် နီးနီးပူနေ တဲ့ ရေပူစမ်းထဲမှာ ငါးလေးတွေ အသက်ရှင်နေနိုင်တာရယ် တွေကြောင့် အနှီ မြေကြီးထဲက အပူရည်မှာ အကုသိုလ်ကြောင့် ဖြစ်ရတဲ့ သက်ရှိလောက တစ်ခု မရှိဘူးလို့ ဘယ်သူဆိုနိုင်မလဲ။

တရားထိုင်သူတွေ အနည်းဆုံး အလင်းနိမိတ် လောက်ကို ပိုင်ပိုင်နိုင်နိုင် ရဖူးရင် ဗုဒ္ဓရှင်တော်မြတ်ရဲ့ဒိဗ္ဗစက္ခုဉာဏ် စွမ်းအင်ကို ခန့်မှန်း နိုင်ပါလိမ့်မယ်။
ဗုဒ္ဓဝါဒီ တစ်ယောက် အနေနဲ့ ဗုဒ္ဓရှင်တော်မြတ်ရဲ့ဒိဗ္ဗစက္ခု ဉာဏ်စွမ်းအားကို သိပ္ပံဆရာတို့ရဲ့ အသိဉာဏ် နှင့် မနှိုင်းယှဉ်ရဲပါ။

-【ဆရာတော်အရှင်ကေလာသ ၏ “ဓမ္မအမေးအဖြေများ”မှ -ကောက်နှုတ် ကူးယူပူဇော်မျှဝေပါသည်။