Thursday, 26 January 2017

မြွေကြီးနှစ်ကောင်ရုပ်တု

မြွေကြီးနှစ်ကောင်ရုပ်တုကို ဘာကြောင့်ပြုလုပ်
ထားတာလဲ...?
===============================
သက္ကရဇ် ၁၂၄၅ ခုနှစ်တွင် မန္တလေးတောင်ပေါ်
တွင် မီးလောင်သည်။ ဗျာဒိတ်ပေး ရပ်တော်မူ
ရုပ်ပွားတော်ကြီးလည်း မီးထဲပါသွားသည်။
ခရစ်နှစ် ၁၉၀၅ ခုနှစ် အင်္ဂလိပ်လက်ထက်တွင်
ဘုန်းတော်ကြီး ဦးနန္ဒိယသည် ဗျာဒိတ်ပေးရုပ်
ပွားတော်ကြီး ပြန်လည်ထုလုပ်ရေးအတွက်
မဏ္ဍပ်ထိုး အလှူခံခဲ့သည်။ ထိုအချိန်ကာလတွင်
မြောက်ပြင်အရပ်၌ ထူးဆန်းသောမြွေကြီးနှစ်
ကောင်သည် ပန်းပဲဆရာl ဆေးဆရာကြီး ဦးစော
အိမ်ဝင်းထဲသို့ ရောက်လာသည်။မြွေဆရာ ဦးလုံး
က မြွေကြီးနှစ်ကောင်ကိုဖမ်းပြီး မြို့ပေါ်တွင်
လိုက်လံပြသ အလှူခံသည်။ ဘုန်တော်ကြီး
ဦးနန္ဒိယလည်း မြွေကြီးနှစ်ကောင်ကို မန္တလေး
တောင်ပေါ်၌ တစ်နှစ်လုံးလုံး ပြသအလှူခံခဲ
သည်။ ဗျာဒိတ်ပေးဘုရားထုလုပ်ပြီးနောက် မြွေ
ကြီးနှစ်ကောင်ကို ရန်ကင်းတောင်သို့ ဘေမဲ့
လွှတ်လိုက်သည်။ ၁၉၀၇ ခုနှစ်တွင် ရသေ့ကြီး
ဦးခန္တီသည် မန္တလေးတောင်ပေါ်တွင် တည်
ဆောက်ပြုပြင်သည်။ မန္တလေးတောင် l မြွေကြီး
နှစ်ကောင်သွားလို့ကြည့်ရအောင် " ဟူသော
စကားကို အမှတ်ရစေရန် မြွေကြီးနှစ်ကောင်၏
ပုံကို သွန်းလုပ်ထားရှိခဲ့သည်။ #NTR

Tun Naing Lin
Crd

No comments:

Post a Comment