.
*** ယုတ် လတ် မြတ် ဘယ်ဟာ ရွေး ***
* ဒါန သီလ ဘာဝနာ ဆိုတဲ့
ကောင်းမှု ကုသိုလ် တစ်ခုခု ပြု ရာ -
အများ ကောင်းကျိုး ဆောင်ရွက် ရာ - မှာ
- အများ သိစေ
ဂုဏ် ရှိစေ
ထင်ပေါ် ကျော်ကြားစေ ဆိုတဲ့
စိတ်
အရင်း ခံ
ဆောင်ရွက် ရင်လည်း ရတယ် ။
- ကောင်းကျိုး များများ မြန်မြန်
မိမိ ပြန် ရပါစေ ဆိုတဲ့
စိတ်
အရင်း ခံ
ဆောင်ရွက် ရင်လည်း ရတယ် ။
- ရှေး သူတော်စင် သူတော်ကောင်း ကြီးတွေ
လျှောက်ခဲ့တဲ့ လမ်း ဖြစ်လို့ ~
လုပ်သင့် လုပ်ထိုက်ရာ ဖြစ်လို့ ~
တစ်ပါးသူများ ကောင်းစား စေဖို့ ~ ဆိုတဲ့
စိတ်
အရင်း ခံ
ဆောင်ရွက် ရင်လည်း ရတယ် ။
* ကောင်းမှု မြတ်နိုး တတ်တဲ့
သင် -
ကောင်းမှု ပြု ရာမှာ
အယုတ်
အလတ်
အမြတ်
ကြိုက်ရာ ရွေးနိုင်တယ် ။
ပါရမီ ထိုက်ဖို့
အရေး ကြီးလှ ပါတယ် ။
အရှင်ဥတ္တမ ( သစ္စာရွှေစည် )
အမြတ် တရား
ကျင့် မမှား
ငြိမ်းချမ်း ကြစေသား ။
မေတ္တာ များစွာဖြင့် ; ANO
No comments:
Post a Comment